ပုသိမ်မြို့၌ ၂၀၂၄-ခုနှစ်၊ အစိုးရနိကာယ်စာမေးပွဲကျင်းပ

ပုသိမ် ဇွန် ၁၁

၂၀၂၄-ခုနှစ်၊ (၃၁) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင်ကျင်းပလျက်ရှိရာ ပုသိမ်မြို့တွင်လည်း သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့၊သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၄-ခုနှစ်၊ (၃၁) ကြိမ်မြောက် အစိုးရနိကာယ် စာမေးပွဲ (မဟာဝိဒူတန်း) ကို အုပ်စုများခွဲ၍ ဇွန်လ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ မွန်းတည့် (၁၂) နာရီမှ ညနေ (၄) နာရီအထိ (၅) ရက်ကျင်းပသွားမည်ဖြစ်သည်။ အစိုးရနိကာယ်စာမေးပွဲသို့ မြို့နယ်အတွင်းရှိ စာသင်တိုက်များမှသံဃာတော်များ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယမန်နေ့တွင် စာဖြေသံဃာ (၅၇) ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။ စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည်များအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)