ပုသိမ် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကြဲခင်းစနစ်လျော့နည်းပပျောက်စေရေးအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေရေးအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များအား ပေးအပ်ရခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ထိရောက်အဆင်ပြေစွာအသုံးပြုရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များအား မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)