တပ်ကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း ဆောင်ရွက်

တပ်ကုန်း ဇွန် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာအုပ်စု၊ သော်တာကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဆရာ၊ ဆရာမများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းတွင် ညောင်လွန့်ကျေးရွာ တိုက်နယ်ကျန်းမာရေးဌာနမှ တိုက်နယ်ကျန်းမာရေးမှူး ဦးပြေအေးဦးဆောင်၍ ကျန်းမာရေးဆရာ၊ ဆရာမများ၊ ကျေးချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်းနှင့်ရာအိမ်းမှူးများက သော်တာကျေးရွာအတွင်းရှိ အိမ်ခြေ ၄၂၀ အား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်