နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

နတ်တလင်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၂၉၄ ဦးတွင် ၁၆၈ဦး အောင်မြင်ခဲ့ပြီး  ၅၇.၁၄ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အ.ထ.က (နတ်တလင်း) စာစစ်ဌာန၊ အ.ထ.က (တာပွန်) စာစစ်ဌာနတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာ သင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်မြို့နယ်လုံးအနေဖြင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၄) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁) ဦးနှင့် လေးဘာသာဂုဏ်ထူးရှင် (၄) ဦးတို့ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)