အမ်း ဇွန် ၁၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုကြသော ကျောင်းသား/သူများတွင် (၅) ဘာသာဂုဏ်ထူးရှင် (၁) ဦးအပါအဝင် ဂုဏ်ထူးများဖြင့် အောင်မြင်ကြသော ကျောင်းသား/သူ (၅၄) ဦးရှိကာ အောင်မြင်သူ စုစုပေါင်း (၃၆၈) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၅၅.၅၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို စာစစ်ဌာနကျောင်းများတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။ စာမေးပွဲအောင်မြင်သူများတွင် ငါးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေးဘာသာဂုဏ် ထူးရှင် (၂) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄) ဦး၊ နှစ်ဘာသာဂုဏ်ထူး ရှင် (၅) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၄၂) ဦးရှိကာ စုစုပေါင်းဂုဏ်ထူးရရှိသူ (၅၄) ဦးရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို အမ်းမြို့နယ်မှ ၀င်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ (၆၆၃) ဦး၌ (၃၆၈) ဦးအောင်မြင်ကြ၍အောင် ချက်ရာခိုင်နှုန်း (၅၅.၅၁) ရာခိုင်နှုန်းရှိကာ (၅) ဘာသာဂုဏ်ထူး ဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သူမှာ အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်းမှဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
 
    