၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

ကြို့ပင်ကောက် ဇွန် ၁၁

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇွန်လ ၁၁ ရက်နေ့ နံနက် (၆) နာရီက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆို ခဲ့သောကျောင်းသားကျောင်းသူ ၃၇၀ ဦးတွင် ၂၅၉ ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အ.ထ.က (ကြို့ပင်ကောက်) စာစစ်ဌာန၊ အ.ထ.က (ပန်းတင်) စာစစ်ဌာန၊ အ.ထ.က (ရွှေပန်းတော) စာစစ်ဌာနနှင့် အ.ထ.က (လယ်တီ) စာစစ်ဌာနဟူ၍ စာစစ်ဌာန (၄) ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်မြို့နယ်လုံး၏အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖြေဆိုသူ (၃၇၀) ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၂၅၉) ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် (၂၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၈) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၃) ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် (၁) ဦးနှင့် ရိုးရိုးအောင် (၂၁၂) ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)