ဗဟန်းမြို့နယ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍ အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဇွန် ၁၁

ဗဟန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍ အခွန်ပညာပေး‌ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးရဲဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ ရွှေဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း/အင်း၊ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းဆိုင်များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာဗဟန်းမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အခွန်ဦးစီးဌာနမှူးl ဦးရဲဝင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံသားတိုင်း ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း၊ အခွန်အမှတ်တံဆိပ်မှာကြားခြင်းနှင့်ထုတ်ယူခြင်း၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း၊ ကြေညာလွှာတင်သွင်းခြင်း၊ အခွန်ပေးသွင်ခြင်း၊ ပျက်ကွက်မှုအတွက်ပြစ်ဒဏ်များ၊ သတင်းပေးတိုင်ကြားနိုင်ခြင်း၊ သတင်းပေးသူကိုဆုချီးမြှင့်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စားသောက်ဆိုင်၊ ရွှေဆိုင်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း/အင်း၊ ဟန်းဆက်နှင့်ဆက်စပ် ပစ္စည်းဆိုင်များ၏ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ခြင်းဆိုင်ရာကိစ္စရပ်များကို Power Point ဖြင့်ရှင်းလင်းတင်ပြပြီး အခွန်ထမ်းပြည်သူများမှ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)