ကျိုင်းတုံ ဇွန် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ကျိုင်းတုံမြို့ရှိ သက်ဆိုင်ရာစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၂)နှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတို့၌ စာစစ်ဌာနဖွင့်လှစ်ခဲ့ပြီး အဆိုပါစာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများကို သက်ဆိုင်ကျောင်းများ၏ ကြော်ငြာသင်ပုန်းတို့၌ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းတွင်း ဝင်ရောက်ဖြေဆိုသူ ကျား၊ မ ပေါင်း (၅၂၂) ဦးနှင့် ပြင်ပဖြေဆိုသူ ကျား၊ မ ပေါင်း (၅၆) ဦး စုစုပေါင်း (၅၇၈) ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းတွင်းဖြေဆိုအောင်မြင်သူ ကျား၊ မ ပေါင်း (၂၄၀) ဦးနှင့် ပြင်ပဖြေဆိုအောင်မြင်သူ ကျား၊ မ ပေါင်း (၁၄) ဦး စုစုပေါင်း ကျား၊ မ ပေါင်း (၂၅၄) ဦး အောင်မြင်ခဲ့ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်း (၄၅.၆၀) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုင်းတုံမြို့၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများအရ ဘာသာစုံဂုဏ်ထူးရှင် (၄) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၃) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၁) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၅) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၀၉) ဦး စုစုပေါင်း (၂၅၄) ဦးရှိကြောင်း သိရသည်။
စိုင်းရွှေအောင်