တန့်ယန်းမြို့နယ်တွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

တန့်ယန်း ဇွန် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာကိစ္စများကို ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ဆွေးနွေး ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။  

မင်းလွင်ဦး(တန့်ယန်း)