ညောင်လေးပင် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁ နာရီက ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ပြိုင်ပွဲများ ပြုလုပ်ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြပြီး ညောင်လေးပင်မြို့ အ.မ.က မူလွန် အာဇာနည်လမ်းကျောင်းမှာ သားငယ်၊ သမီးငယ်လေးများမှ ပုံပြင်ပြောပြိုင်ပွဲ ယှဥ်ပြိုင်ခဲ့ကြပြီး ဒုတိယဦးစီးမှုး ဒေါ်မိုးစန္ဒာဝင်း ကရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များ ပြောပြပေးခဲ့ပြီး ဆုရရှိသူများအား ဆုများဆက်လက်ဆုချီးမြှင့်ပေးခဲ့သည်။
ထို့နောက် တတ်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ကလေးသူငယ်အလုပ်သမား၊ မူးယစ်ဆေးဝါးအန္တရာယ်စသည့် နံရံကပ်စာစောင်းများအား လေ့လာဖတ်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
 
     
     
    