လဲချားမြို့နယ် ဝမ်ထီကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်(၃)နှင့် Biometric ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

လဲချား ဇွန် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှစ၍ ဝမ်ထီကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဆောင်ရွက်ရာတွင် ကျေးရွာအုပ်စုအတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်း ရယူထားသော ကျေးရွာနေဒေသခံ မိဘပြည်သူများနှင့်မိသားစုဝင်များ၊ ကျေးရွာအုပ်စုများမှ ဒေသခံမိဘပြည်သူများနှင့် မိသားစုဝင်များ၏ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ နေ့စဉ်ညနေ ၄ နာရီခွဲအထိ သတ်မှတ်ရက်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်ကောက်ယူပြီးသူများ၏ Biographic Data ၊ Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID  နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)