မလှိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရှင် (၃၆) ဦးထွက်ရှိ၍ အောင်ချက်ရာခိုင်နှုန်း (၈၃.၄၉) ရှိကြောင်းသိရ

မလှိုင် ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် (၆) နာရီအချိန်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီး၌ တစ်ချိန်တည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက်  အ.ထ.က (မလှိုင်)၊ အ.ထ.က(ပန်းအိုင်)၊ အ.ထ.က(နှောကန်)၊ အ.ထ.က(ဆည်တို)၊ စာစစ်ဌာန (၄) ခုထားရှိပြီး စာရင်းရှိ  ကျား (၄၁၉) ဦး၊ မ (၆၅၉)၊ ပေါင်း (၁၀၇၈) ဦးရှိ၍   ဝင်ရောက်ဖြေဆိုသူ   ကျား (၄၁၇) ဦး၊ မ (၆၅၅) ဦး၊ ပေါင်း (၁၀၇၂) ဦးရှိပြီး ကျား (၃၅၀) ဦး၊ မ (၅၄၅) ဦး စုစုပေါင်း (၈၉၅) ဦး အောင်မြင်ခဲ့သဖြင့် အောင်မြင်မှုရာခိုင်နှုန်း (၈၃.၄၉) ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရှင် (၃၆) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင် (၆၃) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၅၇) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၄၅) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၅၃) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၈၁) ဦး၊ ရိုးရိုးအောင်မြင်သူ (၅၆၀) ဦး၊ စုစုပေါင်း အောင်မြင်သူ (၈၉၅) ဦးရှိကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)