ဆင်ပေါင်ဝဲ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း မြညီလာခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့် ဝန်ထမ်းများက မိုးလေဝသ၏ သတိပေးချက်၊ အရောင်နှင့်ဆိုင်ရာအချက်များ၊ မိုးကြိုးဘေးအန္တရာယ် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ငလျင်ဘေးဆိုင်ရာရှောင်ရန်၊ ဆောင်ရန်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြောကြားဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေး၊ မုန်တိုင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များအား ပြသပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)