ငပုတောမြို့နယ်၌ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄)မြို့နယ် အမျိုးသမီးအသက် (၂၃)နှစ်နှင့်‌အောက် ဘောလုံးကွင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ငပုတော ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အမျိုးသမီးအသက်(၂၃)နှစ်နှင့်အောက် ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပမ္မဝတီပြည်သူ့အားကစားဝန်းအတွင်း ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပုသိမ်မြို့နယ်၊ ကန်ကြီး‌ထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်က မြို့နယ်များမှ အမျိုးသမီးရွက်ပုန်းသီး အမျိုးသမီးဘောလုံးသမားများ ပေါ်ထွန်လာစေရန်၊ မြို့နယ်အဆင့်မှ ခရိုင်အဆင့်၊ ခရိုင်အဆင့်မှ တိုင်းဒေသကြီးအဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ပြုစုမွေးထုတ်သွားစေရန်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး စစ်ကြောင်းမှူးက ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အားကစားသမားများက အလေးပြုကြသည်။ ထို့နောက်   အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်ပြီး ပြိုင်ပွဲ ပွဲစဉ် (၁) ကန်ကြီးထောင့်မြို့နယ်အသင်းနှင့် ငပုတောမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ပြိုင်ကစားနေမှုအား ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)