ရွှေတောင် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် ယနေ့ နံနက်ပိုင်းက ဆန်/ဆီစက်နှင့် အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အဖွဲ့များက ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်ရှိ ဦးရဲမျိုးအောင်၏" သရဖူဆန်စက်" ၊ ဦးကျော်ကျော်ဝင်း၏ "Kဝိုင်းဆန်စက်"၊ ဦးဇော်မင်းထွန်း၏ " ဦးဇော်မင်းထွန်းဆီဆိုင်"၊ ယွန်းတန်းရပ်ကွက်ရှိ ဦးသိန်းထိုက်ဦး၏ " MK ဆီဆိုင် "၊ ဦးကျော်ကျော်ဝင်း၏ " Kဝိုင်းဆီစက် " များသို့ ကွင်းဆင်းစစ်ဆေး၍ စားအုန်းဆီများအား နိုင်ငံတော်မှ သက်မှတ်ပေးထားသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချခြင်း ရှိ/မရှိနှင့် ဆန်များအား အများပြည်သူများအား ရောင်းချခြင်းမပြုဘဲ သိုလှောင်ထားရှိမှု ရှိ/မရှိတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန် /ဆက်)
 
     
    