ပန်းတောင်းမြို့နယ်၌ ပခုက္ကူဦးအုန်းဖေစာမူဆု “ကဗျာပေါင်းချုပ်” တတိယဆုရ စာရေးဆရာ ကနောင်နိုင်နွယ်ဦးအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ပန်း​တောင်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပခုက္ကူဦးအုန်းဖေစာမူဆု “ကဗျာပေါင်းချုပ်” တတိယဆုရစာရေးဆရာ ကနောင်နိုင်နွယ်ဦးအား ဂုဏ်ပြုပွဲအခမ်းအနားနှင့်အတူ စာကြည့်တိုက်လှုပ်ရှားမှု တစ်ခုအနေဖြင့်  စာပန်းခင်းစာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့မစာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတောင်းမြို့မှ စာကြည့်တိုက်ဥက္ကဋ္ဌ ဦးလှကျော်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးသက်နိုင်ဦးက ဂုဏ်ပြုပွဲကျင်းပရခြင်း အကြောင်းရှင်းလင်းတင်ပြကာ စာရေးဆရာ ကနောင်နိုင်နွယ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် စာပန်းခင်း စာဖတ်ဝိုင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ပြည်မြို့နယ် စာရေးဆရာအသင်းဝင်များ၊ ပန်းတောင်းမြို့နယ် စာရေးဆရာအသင်းဝင်များ၊ ကျောင်းသားလူငယ်များ၊ စာကြည့်တိုက်အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)