ရေကြည် ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် (၆)နာရီအချိန်မှစတင်ကာ စာစစ်ဌာနအသီးသီး၌ ထုတ်ပြန်ကြေညာခဲ့သည်။
ရေကြည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၉)ခုတွင် ဝင်ရောက် ဖြေဆိုသူ(၆၄၈)ဦးရှိရာ အောင်မြင်သူဦးရေ (၃၇၃)ဦးရှိပြီး အောင်ချက်ရာနှုန်း (၅၇.၅၆%)ရရှိကာ ဧရာဝတီတိုင်းဒေသကြီး သိပ္ပံဘာသာတွဲ အမှတ်အများဆုံး (၁၀)ဦးတွင် (၂) ဦးနှင့် ဝိဇ္ဇာတွဲ အမှတ် အများဆုံး (၁၀) ဦးတွင် (၁)ဦး ပါဝင်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရေကြည်မြို့နယ်မှ (၆) ဘာသာဂုဏ်ထူးရရှိသူ (၃)ဦး၊ (၅)ဘာသာဂုဏ်ထူး ရရှိသူ (၁) ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ(၆) ဦး၊ (၂)ဘာသာ ဂုဏ်ထူးရရှိသူ (၂၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၄၈)ဦးရှိပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ (၈)ဦး၊ အင်္ဂလိပ်စာ (၄)ဦး၊ သင်္ချာ (၁၉)ဦး၊ ဓာတုဗေဒ (၁၀)ဦး၊ ရူပဗေဒ (၈)ဦး၊ ဇီဝဗေဒ (၇) ဦး၊ ပထဝီဝင်(၄၆)ဦး၊ သမိုင်း(၂၇)ဦး၊ ဘောဂဗေဒ (၁၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မေသန့်ဇင်(ပြန်/ဆက်)