ကလေးမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးဆိုင်းဘုတ် စိုက်ထူ

ကလေး ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ‌လူစည်ကားရာ ဗိုလ်ချုပ်လမ်းဆုံနှင့် ကလေးလေဆိပ်တို့၌  ပြုလုပ်ခဲ့သည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေးမြေစိုက် ပိုစတာဆိုင်းဘုတ်စိုက်ထူပွဲသို့ ကလေးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)