တောင်ငူ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနဟိတကာရီဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲကို ဇွန် ၇ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့မွန်းတည့် (၄) နာရီအချိန်က ဘာသာရပ်အားလုံး အောင်မြင်စွာဖြေဆိုပြီးစီးပြီဖြစ်သည်။
အဆိုပါစာမေးပွဲကို ဇွန် ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး နေ့စဉ်မွန်းတည့် (၁၂)နာရီအချိန်မှ ညနေ (၄)နာရီအထိ ဖြေဆိုရခြင်းဖြစ်သည်။ ဇွန်လ ၁၁ ရက်နေ့တွင် အုပ်စု (၁)၊ ပါရာဇိကပါဠိဘာသာရပ်ဖြေဆိုသူ ရဟန်း (၂၀၀)ပါး၊ သီလရှင် (၂၃)ပါး၊ စုစုပေါင်း (၂၂၃)ပါး၊ အုပ်စု (၂) သီလက္ခန္ဓဝဂ္ဂပါဠိဘာသာရပ်ဖြေဆိုသူ ရဟန်း (၃၉)ပါး၊ သီလရှင် (၂)ပါး၊ စုစုပေါင်း (၄၁)ပါး၊ အုပ်စု (၃) မူလပဏ္ဏာသပါဠိဘာသာဖြေဆိုသူ ရဟန်း (၂)ပါး၊ အုပ်စု (၄) သဂါထာဝဂ္ဂ၊ နိဒါနဝဂ္ဂသံယုတ္တ ပါဠိဘာသာရပ် ဖြေဆိုသူ သီလရှင် (၁)ပါး၊ အုပ်စု (၅)၊ ဧကကမှစတုက္ကနိပါတပါဠိ ဖြေဆိုသူ ရဟန်း (၁၉)ပါးရှိကြောင်း တောင်ငူခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)
