ကျိုက်လတ် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကြက်ဥ၊ ဘဲဥများကို သတ်မှတ်ဈေးနှုန်းများအတိုင်း မှန်ကန်စွာရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ အရောင်းဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းများအတိုင်း မှန်ကန်စွာရောင်းချခြင်းရှိ၊မရှိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်နှင့်အသားငါးများကို ပြည်သူများနေ့စဉ်စားသုံးလျက်ရှိရာ ထုတ်ကုန်များဈေးကွက်သို့ လျင်လျင်မြန်မြန်ရောက်ရှိစေရေး၊ ကျန်းမာသန့်ရှင်းသည့် အစားအသောက်များရရှိရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ဈေးနှုန်းများမှန်ကန်စွာရောင်းချနိုင်ရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့်ပတ်သက်၍ စားသောက်ကုန်များကို ရောင်းချသည့်အပိုင်းများတွင် စနစ်တကျဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်
 
    