ရေဦးမြို့နယ်ရှိ ဌာနဆိုင်ရာ၀န်ထမ်းများအား တန်ဘိုးသင့်စားသောက်ကုန်များ ရောင်းချပေး
ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့ဆေးရုံကြီး ၀န်ထမ်းအိမ်ရာအနီး၌ ရေဦးမြို့နယ်အတွင်း တာ၀န်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ၀န်ထမ်း အရာထမ်း/အမှုထမ်းများအား တန်ဘိုးသင့်စားသောက်ကုန်များ ရောင်းချပေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့၀င်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။