သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်​မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၂၇၈၀၀၀ ကျော် ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနရှိ ကျောက်တန်းပျိုးဥယျာဉ်နှင့် ကန်ရေပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း ၂၇၈၀၀၀ ကျော်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

သရက်မြို့၌ သဘာဝဘေး လျော့ပါးရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိဿလိမ်းကျေးရွာ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီက ပိဿလိမ်း(ကျင်း)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ နံနက်(၈)နာရီက စစ်ကိုင်း- မုံရွာသွား ကားလမ်းမကြီးဘေး စစ်ကိုင်းမြို့ ကာကြီးကွင်းအနီးကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စု၊ အမက(ဖိုးခေါင်)နှင့် ကြာနီကန်ရပ်ကွက်၊ အမက(ကူကြီး)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ ငါးဘာသာဂုဏ်ထူးရှင် မလင်းလက်တွယ်တာနှင့် တွေ့ဆုံမေးမြန်းခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ အ.ထ.က(ကျွန်းလှ)မှ ငါးဘာသာဂုဏ်ထူးရှင် မလင်းလက်တွယ်တာနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အလုံမြို့နယ်၌ ရပ်ကွက်နေပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် ပြည်သူများအား စားသုံးဆီများကို ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ စိုက်ဧက ပြည့်မီစွာစိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ စိုက်ဧကပြည့်မီစွာ စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ထားဝယ်မြို့၌ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Subscribe to