ထားဝယ် ဇွန် ၁၂
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီး၏မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး /ခရိုင်/မြို့နယ်/မြို့ရုံးများတွင် တစ်ပြိုက်နက် ထုတ်ပြန်ပေးလျက်ရှိသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်းကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ညီအစ်ကိုမောင်နှမများက စိတ်အေးချမ်းသာစွာ လာရောက်ကြည့်ရှုလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးရှိ စာစစ်ဌာနများတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၄၉၃ ဦး၊ အောင်မြင်သူ ၁၂၀၆ ဦး၊ အောင်ချက် ရာခိုင်နှုန်းမှာ ၄၈.၃၈ ရာခိုင်နှုန်းရှိကြောင်း သိရပြီး ဂုဏ်ထူးရဦးရေမှာ(၁)ဘာသာ ၁၂၆ ဦး၊ (၂) ဘာသာ ၄၅ ဦး၊ (၃) ဘာသာ ၁၃ ဦး၊ (၄) ဘာသာ ၈ ဦး၊ (၅) ဘာသာ ၉ ဦး၊ (၆) ဘာသာ ၃ ဦး ထွက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
