သာယာဝတီခရိုင်၌ ရုံးစာရေးသားနည်း သင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊​ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးနှင့်မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လုပ်ငန်းအရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ရုံးလုပ်ငန်းများ မြန်ဆန်အောင်မြင်လာစေရန်အတွက် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကြက်စိမ့်ကျေးရွာရှိ အ.မ.က(မူလွန်) (ကြက်စိမ့်)ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာတွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာတွင် သစ်တောဦးစီးဌာနမှသစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အ.ထ.က (အင်္ဂမော်)ကျောင်း၌ ယမန်နေ့ကကျင်းပခဲ့ပြီး ကျေးရွာသုံးစိုက်ခင်း(၂)ဧကတွင် မန်ဂျန်ရှားပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန်၌ သင်ထောက်ကူပြု မော်တော်ယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူပြု မော်တော်ယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ယမန်နေ့ နံနက် ၉ နာရီက မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန်ရှိ သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံ၊ ရွှေစင်အေးအထည်ချုပ်စက်ရုံနှင့် Myanmar Xiang He အထည်ချုပ်စက်ရုံတို့၌ ပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို အမှတ်(၄)ရပ်ကွက် စည်ပင်သာယာခန်းမ(မြို့တော်ခန်းမ)ရှေ့၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

သဲကုန်းမြို့နယ်တွင် ဌာဆိုင်ရာများက ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဟော​​​ပြောပွဲကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်​နေ့က ​ကျွဲခေါင်းအုပ်စု သီးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စလင်းမြို့နယ်တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်စုံ(၂၃၆၆၁၀)ပင် ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများအတွက် မိုးရာသီတွင် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးပင်များကို စိုက်ပျိုးလိုသည့် နေရာများတွင် စိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုးဥယျာဥ်နှင့် တမာချောင်ပျိုးဥယျာဥ်တို့တွင် ပျိုးထောင်၍ထားရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းမိသားစုဝင် သားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၌ ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)၌ ဌာနဆိုင်ရာများစုပေါင်း၍ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ နံနက်(၈)နာရီက စစ်ကိုင်း-မုံရွာသွား ကားလမ်းမကြီးဘေး စစ်ကိုင်းမြို့ ကားကြီးကွင်းအနီးကျင်းပခဲ့သည်။
Subscribe to