စစ်ကိုင်း ဇွန် ၁၂
စစ်ကိုင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ နံနက်(၈)နာရီက စစ်ကိုင်း-မုံရွာသွား ကားလမ်းမကြီးဘေး စစ်ကိုင်းမြို့ ကားကြီးကွင်းအနီးကျင်းပခဲ့သည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေး ဆိုင်းဘုတ်အား စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါဆိုင်းဘုတ်တွင် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့”၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန် “ ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလ(၃၀)ရက်နေ့ ညဉ့်သန်းခေါင်ယံ” တို့ပါရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်