သဲကုန်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က ကျွဲခေါင်းအုပ်စု သီးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်းမမြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းက မိမိတို့ကျေးရွာ အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေးစသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျေးရွာများ၏လိုအပ်ချက်များအား ဆွေးနွေးကြရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စားသုံးသူကာကွယ်ရေး၏ဥပဒေနှင့် စာသုံးသူများအခွင့်အရေး၊ အမျိုးသားမှတ်ပုံတင်ဥပဒေအသိပညာပေးခြင်းစသည်တို့အား မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၄၀) ကျော် ဒေသခံတောင်သူများအား ဆီးချို၊ သွေးချိုရောဂါများ စစ်ဆေးပေး၍ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲများကို သဲကုန်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)