ချောက် ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)၌ ဌာနဆိုင်ရာများစုပေါင်း၍ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက "သဘာဝဘေးအသိပညာပေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “စာဖတ်သည့်အလေ့အကျင့်မှသည် စာဖတ်စွဲမြဲသောအလေ့အထကောင်းများမွေးမြူရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသောက်ရန်မသင့်သော အစားအသောက်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သည့် ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူသူအောင်က "စနစ်တကျအမှိုက်စွန့်ပစ်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျေးရွာနေပြည်သူ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကျေးရွာမှတင်ပြထားသည့် စာကြည့်တိုက်မြေနေရာအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)