မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန်၌ သင်ထောက်ကူပြု မော်တော်ယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေးဆောင်ရွက်

မြောက်ဥက္ကလာပ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူပြု မော်တော်ယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ယမန်နေ့ နံနက် ၉ နာရီက မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန်ရှိ သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံ၊ ရွှေစင်အေးအထည်ချုပ်စက်ရုံနှင့် Myanmar Xiang He အထည်ချုပ်စက်ရုံတို့၌ ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် အလုပ်သမားဥပဒေပါရပိုင်ခွင့်များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်များ တိုးတက်လာစေရန်ရည်ရွယ်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ မရမ်းကုန်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေမြင့်နှင့် ဦးစီးအရာရှိ ဒေါ်မေမြတ်မွန်တို့က အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ရွှေပေါက်ကံစက်မှုဇုန်ရှိ သမီးတော်စွမ်းအား အထည်ချုပ်စက်ရုံ၊ ရွှေစင်အေးအထည်ချုပ်စက်ရုံနှင့် Myanmar Xiang He အထည်ချုပ်စက်ရုံတို့မှ အလုပ်ရှင်၊ အလုပ်သမား (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)