ပေါက်ခေါင်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းမိသားစုဝင် သားသမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်က အမှာစကားပြောကြားပြီး ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံနှင့် ခဲဖျက်များကို ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)