ကန့်ဘလူမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

ကန့်ဘလူ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို အမှတ်(၄)ရပ်ကွက် စည်ပင်သာယာခန်းမ(မြို့တော်ခန်းမ)ရှေ့၌ ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူပွဲတွင် ခရိုင်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သန်းကျော်၊ ခရိုင်(လဝက) ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အဆိုပါအခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့်လူစည်ကားရာ မြို့မစျေးမြောက်ဘက် အ.ထ.က(၁)ကျောင်းရှေ့တွင်လည်း စိုက်ထူခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)