စလင်းမြို့နယ်တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်စုံ(၂၃၆၆၁၀)ပင် ပျိုးထောင်ထားရှိ

စလင်း ဇွန် ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများအတွက် မိုးရာသီတွင် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးပင်များကို စိုက်ပျိုးလိုသည့် နေရာများတွင် စိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုးဥယျာဥ်နှင့် တမာချောင်ပျိုးဥယျာဥ်တို့တွင် ပျိုးထောင်၍ထားရှိကြောင်း သိရသည်။

စလင်းမြို့နယ် သစ်တောဦးစီးဌာနမှ နှစ်စဥ်ပျိုးပင်များကို ပျိုးထောင်ထားရှိပြီး​ မြို့နယ်တစ်ခွင်စိမ်းလန်းစိုပြေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ တောများစိမ်းလန်းစိုပြေရေးနှင့် သဘာဝရာသီဥတုကောင်းမွန်၍ မျှတစေရေး ဒေသခံပြည်သူများနှင့် ကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့စိုက်ပျိုးလိုသည့် ပျိုးပင်များကို စိုက်ပျိုးနိုင်ကြစေရန်အတွက် စိုက်ပျိုးမည့်မြေနေရာများ၌၊ မယ်ဇယ်၊ ကျွန်း၊ ယူကလစ်တမာ၊ ပိတောက်၊ ပျဥ်းကတိုး၊ ကံ့ကော်၊ ရေတမာ၊ ယင်းမာ၊ မျှင်ဝါးနှင့် ခရေပင်တို့ကို ပျိုးဥယျာဥ်တွင် ပျိုးထောင်ထားရှိကာ ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄မိုးရာသီတွင် ၁/၂၀၂၄ ရေဝေရေလဲစိုက်ခင်း(၅၀)ဧကအတွက် ပျိုးပင်ပေါင်း(၁၂၀၀၀)ပင်၊ ၂/၂၀၂၄ ကျေးရွာသုံးထင်းစိုက်ခင်း(၃၀)ဧကအတွက် ပျိုးပင်ပေါင်း(၆၃၅၆၀)ပင် ဒေသခံပြည်သူလူထု အစုအဖွဲ့ပိုင်သစ်တော(၅၅၀)ဧကအတွက် ပျိုးပင်ပေါင်း(၉၀၇၅၀)ပင်၊ လူထုဖြန့်ပျိုးပင်ပေါင်း(၆၀၀၀၀)၊ တိုင်းဒေသကြီးအတွက် တမာအထူးပျိုးပင်(၃၀၀)ပင်၊ ပြည်ထောင်စုအထူးပျိုးပင်(၁၀၀၀၀)တို့အား ပျိုးထောင်ထားရှိကာ အမိုးအကာများဖြင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ရှင်သန်ကြီးထွားဖိတ်စင်လေလွင့် ပျက်စီးမှုမရှိအောင် ဂရုတစိုက်လောင်းပေါင်းသင်မြက်ရှင်းခြင်း သဘာဝဓာတ်မြေသြဇာများ ကျွေးခြင်း ပျိုးပင်များ လေဝင်လေထွက်ကောင်းမွန်စေရန် နေ့စဥ်ဆောင်ရွက်ကြကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်လွင်