အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

စဉ့်ကိုင် ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကြက်စိမ့်ကျေးရွာရှိ အ.မ.က(မူလွန်) (ကြက်စိမ့်)ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.မ.က(မူလွန်) (ကြက်စိမ့်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရယ်များကို သိရှိစေရန် ရည်ရွယ်၍ ယခုလိုဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအ‌ကြောင်းကို အကျယ်တဝံ့‌ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား/သူများက ကျောင်းဝန်းအတွင်း ပြသထားသော အသိပညာဗဟုသုတစုံလင်သည့် သုတ/ရသစာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)