အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ်အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

ချောက် ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အထက်တန်းကျောင်း (ခွဲ) တွင် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသားသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါက မူးယစ်ဆေးဝါးအန္တရာယ်နှင့် သမိုင်း​ကြောင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဥပဒေများအကြောင်းများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စား​သုံးရန်မသင့်​သောအစားအစားများ" အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သူသူအောင်က "စနစ်တကျအမှိုက်စွန့်ပစ်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြ​ပြီး ကျောင်းအုပ်ဆရာမကြီး​ဒေါ်ဌေးဌေးဝင်းက ကျေး ဇူးတင်စကား​ပြောကြားခဲ့​သည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး​ခြင်း၊​မေးခွန်းများ​မေး​မြန်း၍ ဗလာစာအုပ်ဆုချီး​မြှင့်​ပေး​ခြင်းများ​ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားမူးယစ်ဆေးဝါးအန္တရာယ်၊ ကွမ်း၊ ဆေးလိပ်အန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့ခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး​နှင့် ဆရာ/ဆရာမ၊ကျောင်းသား/သူစုစု​ပေါင်း (၁၀၀) ဦးတက်​ရောက်ခဲ့​​ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်/စာစောင်များနှင့် ကျောင်းသား/သူများ အတန်းလိုက်စာကြည့်တိုက်အသုံး​ပြုမှု အချိန်ဇယားအားကြည့်ရှု့ကာ စာအုပ်၊ စာ​စောင်များ စနစ်တကျထားရှိမှုစနစ်နှင့်လိုအပ်သည့် စာအုပ်စာ​​စောင်များ​ဖြည့်ဆည်း​ပေးနိုင်​ရေး​​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)