တောင်တွင်းကြီးဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ပန်းချီဆရာများပူပေါင်း၍ ပန်းချီပြပွဲကို ယမန်နေ့နေလယ် ၁ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းချီပြပွဲတွင် ပြသသည့် ပန်းချီအမျိုးအစားများမှ ခဲပန်းချီ၊ ရေဆေးပန်းချီ၊ ကာလာပန်းချီ၊ ပန်းဆဲ၊ ခရေယွန်၊ ပိုစတာကာလာ၊ အခရိုင်းလစ်၊ ကာတွန်းပန်းချီ စသည့် အမျိုးအစား (၈) မျိုးနှင့် ပန်းချီကားပေါင်း (၁၀၀) ကျော် ခင်းကျင်းပြသထားကြောင်း ပန်းချီပြပွဲ စီစဥ်သူ တာဝန်ခံတစ်ဦးထံမှ သိရသည်။
ရန်နောင်စိုး (ပြန်/ဆက်)