ရွှေတောင် ဇွန် ၁၂
ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်က ရွှေတောင်မြို့၊ရန်ကုန်-ပြည်လမ်းမကြီးဘေး မြို့နယ်လူမှုဝန်ထမ်းရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ၂၀၂၄ ခုနှစ် ၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ပြည်ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးထွဋ်ခိုင်ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်နှင့်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီမော်နှင့်ဝန်ထမ်းများက မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ရန်ကုန်-ပြည်လမ်းနှင့် ကူကြီးလမ်းဆုံ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကတာဝန်ခံထုတ်ဝေသည့် "က လေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး၊ ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏အသက်အရွယ်နှင့် ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး" စသည့် အကြောင်းအရာပါ အသိပညာပေးလက်ကမ်းစာစောင်များကို အများပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)