မန္တလေး ဇွန် ၁၂
၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်ကြီးတံခွန်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ (၁) နာရီက ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီ၏ရည်မှန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး စီမံကိန်းကာလနှင့် လုပ်ငန်းစဉ်များ၊ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းကော်မတီများ၏ ဆောင်ရွက်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးအချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်ဖြန့်ဝေမှုနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသမှုများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုများ၊ ဆောင်ပုဒ်များအစရှိသည့်အချက်များ ပါဝင်ကြောင်းသိရသည်။
ခရိုင် (ပြန်ဆက်)