ကြံခင်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က) မြေခြားကျောင်းရှိ ကျောင်းသား/ သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ကြသည်။
ရှေးဦးစွာ (အ.မ.က) မြေခြားကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်ရွှေက ကျောင်းသား/ သူများ မူလတန်းအဆင့်မှစပြီး စည်းကမ်းကောင်းသော ပညာရေးတွင်သာမက ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် အသိပညာပေးခြင်းကို ဂရုစိုက်မှတ်သားကြရန်ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူး(၇)မျိုးအား အသိပညာပေးဟောပြောကြသည်။
ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းကစားသုံးရန် မသင့်သော အစားအစာများနှင့် ရရှိလာမည့် ဆိုးကျိုးများအား ရှင်းလင်းပြောကြားပြီးနောက်၊ (အ. မ.က) မြေခြားကျောင်းမှ ကျောင်းသား/ သူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ အသိပညာပေးနံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ပေးရာ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေးပြသထားရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)