သပိတ်ကျင်းမြို့၌ စားသုံးဆီ ပိဿာချိန် ၁၀၀၀၀ ကို စျေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးနိုင်ခဲ့
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စားသုံးမှုအဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားသုံးဆီပိဿာချိန် ၁၀၀၀၀ ကို ပြည်သူများလက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။