ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး

ရန်ကုန် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့၊ နံနက် ၉ နာရီက ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ မြန်မာအသံနှင့်ရုပ်မြင်သံကြားဌာနမှ ဝန်ထမ်းစုစု​ပေါင်း (၁၉၆)ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဝန်ထမ်းများ PFIZER (Germany)​ဆေးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးမထိုးနှံမီ ဝန်ထမ်းများကိုစာရင်းရေးသွင်းခြင်း၊ ကိုယ်အပူ  ချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ ပရဟိတအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။      

ထို့ပြင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)