ရေးမြို့ အ- ထ-က (၂) ၌ မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကျင်းပ

ကျောင်းသားကျောင်းသူများ မြန်မာစာရေးသားရာတွင် အထောက်အကူဖြစ်စေရေး ရည်ရွယ်ပြီး ယနေ့ နံနက် ၁၀ နာရီက ရေဦးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ တွင် မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအပါအဝင် ကျောင်းသားကျောင်းသူ(၂၅၀)ဦး ပါဝင်တက်ရောက်သည်။

ကျိုင်းတုံမြို့ အခြခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၃)၌ လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၃)တွင် ကျင်းပသည်။

ကွတ်ခိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပြည်သူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုက်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်း(၃) နာရီက ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/ ၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို နောင်ခဲအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to