ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မြန်အောင်မြို့မနေခြည်စျေးအတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေး

မြန်အောင် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်စျေးအတွင်း ယနေ့နံနက်က ဟင်္သာတခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်နေခြည်စျေးအတွင်း ဟင်္သာတခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး(ဆေးဝါး)ဒေါ်နန့်ရွှေဝတ်မှုံနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စျေးအတွင်းရှိ စားသောက်ကုန်ရောင်းချသောဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိ၊ ကုန်ထုတ်ညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိခြင်း ရှိ/မရှိတို့ကို ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)