မြဝတီမြို့၌ ဆန် လက်လီ/လက်ကားအရောင်းဆိုင်များ၏ ရောင်းချနေမှု ကွင်းဆင်းစစ်ဆေး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဆန်လက်လီ/လက်ကား အရောင်းဆိုင်များတွင် ဆန်များပြတ်လပ်မှုမရှိစေရေးအတွက် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။