ရေနံချောင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ရေနံချောင်း ဇွန် ၁၂

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယပညာသင်ကာလ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီက အဆိုပါတက္ကသိုလ်ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က အားကစားပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းသား ကျောင်းသူများအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စည်းလုံးညီညွှတ်ခြင်းဖြင့် အောင်မြင်မှုများ ရရှိလာမည်ဖြစ်ပြီး ကျောင်းတွင်းအားကစားပြိုင်ပွဲများမှသည် ကျောင်းအားကစားလက်ရွေးစင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်လက်ရွေးစင်များ ထွက်ပေါ်လာကာ နိုင်ငံတကာ အားကစားပြိုင်ပွဲများအထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသများက အားစကားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ရူပဗေဒအသင်းနှင့် ဓာတုဗေဒအသင်းတို့က စတင်ယှဉ်ပြိုင်ကစားကြရာ ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။

အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရူပဗေဒအသင်း၊ ဓာတုဗေဒအသင်း၊ သင်္ချာအသင်းနှင့် ညွန့်ပေါင်းအသင်းတို့ ပတ်လည်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဇွန် ၁၂၊ ၁၄၊ ၁၆ ရက်နေ့များတွင် တစ်ရက်လျှင် နံနက်ပိုင်းနှင့် ညနေပိုင်း ပြိုင်ပွဲနှစ်ပွဲကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ၁၈ ရက်နေ့တွင် ဗိုလ်လုပွဲစဉ်ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)