ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းရေးဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်သုံးရောင်ပြန်ဝတ်စကုတ် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိမြို့ပြသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက်  မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့က လုပ်ငန်းခွင်သုံး ရောင်ပြန်ဝတ်စကုတ် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ထောက်ပံ့ပေးရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ဝန်ထမ်းများအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသတစ်ခွင် သန့်ရှင်းသာယာလှပရေးအတွက် အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိမှုအပေါ် ဝမ်းသာချီးကျူးဂုဏ်ပြုပါကြောင်း၊ ဆက်လက်၍ ဌာနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်းနှင့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက် ရောင်ပြန်ဝတ်စကုတ် တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးရှိ မြို့ပြသန့်ရှင်းရေးဝန်ထမ်း(၁၀)ဦးအား လုပ်ငန်းခွင်သုံး ရောင်ပြန်ဝတ်စကုတ် တူညီဝတ်စုံ(၁)ထည်စီ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် မိမိရုံးဌာနရှိဝန်ထမ်းများ ရုံးလုပ်ငန်းများနှင့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုလည်း အခါအားလျော်စွာ အခြေခံစားကုန်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )