မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မိုင်းယန်း ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများအသင်းမှ ကလောင်စုံ ရေးသားထားသော “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကလောင်စုံရေးသားထားသော “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး” စာအုပ်မှ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရေးသားထားသော “ခေတ်အပြောင်းအလဲ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် Book Club အသင်းဝင်း ဦးနေမျိုးထက်နှင့် ဒေါ်ဇာဇာဝင်းတို့က စာရေးဆရာ ခင်ဆွေဦး ရေးသားထားသော “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် လွတ်လပ်မှုနှင့်ယဉ်ကျေးမှုများအပေါ် အတွေးအမြင်များကိုလည်းကောင်း၊ Book Club အသင်းဝင် ဦးအောင်မျိုးဇော်နှင့် ဒေါ်သော်တာဝင်းတို့က စာရေးဆရာ ဦးတင်ဦး(ကျူရှင်) ရေးသားထားသော "လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး"ခေါင်းစဉ်ဖြင့်  ကိုယ်ယဉ်ကျေးမှု၊ စိတ်ယဉ်ကျေးမှု၊ နှုတ်ယဉ်ကျေးမှု စသည့်အကြောင်းအရာများဖြင့် လူငယ်များ ယဉ်ကျေးသိမ်မွေ့သူများဖြစ်အောင် နေထိုင်၍ ယဉ်ကျေးမှုကို တန်ဖိုးထားသင့်ပုံ အကြောင်းအရာများဖြင့်လည်းကောင်း ယဉ်ကျေးမှုကို တန်ဖိုးထားသင့်ပုံ စသည့် အကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး