အလုံ ဇွန် ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်ရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးအောင်ပိုင်ဖြိုးနှင့်ဝန်ထမ်းများသည် ဇွန်လ ၁၁ ရက်နေ့နံနက် ၁၀ နာရီက အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်နှင့် မြို့နယ်လဝကရုံးတို့တွင် နေထိုင်သည့်ပြည်သူ ၁၇၁ ဦး၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အလုံမြို့နယ်တွင် ယနေ့အထိ ပြည်သူ ၁၉၀၉၉ ဦး၏ Biographic Data များကို ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရှိရပြီး Biometric Data ကောက်ယူခြင်းလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)