ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမြေပြင်ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကင်း ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ စည်ပင်သာယာဝင်းအေးငြိမ်းချမ်းသာဓမ္မာရုံတွင် အမှတ်(၈)ရပ်ကွက်အတွင်း နေထိုင်ကြသောမြန်မာတိုင်းရင်းသားလူ မျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူးဦးဇော်ဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ဒုလဝကမှူးဒေါ်စန္ဒာဝင်း ဦးဆောင်သောဝန်ထမ်းအဖွဲ့များက အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

ရန်ကင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)၊(၂)တို့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းနေပြည်သူများအား မေလ(၃)ရက်နေ့မှစတင်ကာ စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)