သီပေါမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၇)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်

သီပေါ ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၅)နှစ်မှ (၇)နှစ်အထိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ဆုံဆို့နာရောဂါနှင့် မေးခိုင်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးပြီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကို သွားတိုက်ခြင်း သရုပ်ပြသခြင်း၊ လက်ဆေးခြင်းသရုပ်ပြသခြင်းနှင့် သွားတိုက်ခြင်း၊ လက်ဆေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ရောဂါများကို ကာကွယ်နိုင်ကြောင်း ကျန်းမာရေး အသိပညာပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်‌ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)