မင်းလှမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီအတွက် (တတိယအကြိမ်) ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံရောင်းချ

မင်းလှ ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် (တတိယအကြိမ်) ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံတင် ရောင်းချခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းက ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံတင်ရောင်းချရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ အင်းလေလံပွဲကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ် ဆောင်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဖြိုးဝေလင်းနှင့် အင်းလေလံတင်ရောင်းချရေး ကော်မတီဝင်တို့က မင်းလှမြို့နယ်အတွင်းရှိ တင်ဒါချက်(၇)ချက်ကို လေလံတင်ရောင်းချခဲ့ရာ တင်ဒါချက် (၄) ချက်အား ဈေးပြိုင်စနစ်ဖြင့်အင်း သားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေ ကျပ်  ၁၁၀၀၀၀၀/- (တစ်ဆယ်တစ်သိန်းကျပ်တိတိ) အား နိုင်ငံတော်အခွန်ငွေရရှိခဲ့သည်။

ကျန်ရှိသော ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ‌ကို ဇွန်လ ၂၈ ရက်နေ့၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် (စတုတ္တအကြိမ်) လေလံတင်ရောင်းချခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)