စဉ့်ကူး ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀) နာရီမှစ၍ စာရင်းပေးသွင်းထားသည့် ဌာနဆိုင်ရာအသီးသီးသို့ အရောက်သွား၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများကြိုတင်ကောက်ယူထားရှိပြီး စာရင်းပေးသွင်းထားသည့် ဌာနဆိုင်ရာအသီးသီးအား ဇွန်(၁၂)ရက်မှ ဇွန်(၁၄)ရက်နေ့အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းဝင်း(ပြန်/ဆက်)