တပ်ကုန်း ဇွန် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲတီစိမ်း၊ နှမ်း၊ မြေပဲနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိရာ စားသုံးဆီဖူလုံရေးနေကြာများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် နေကြာစိုက်ခင်းများ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှုသက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်နိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းစိုက်ပျိုးကြောင်း၊ ဆီထွက်သီးနှံမိုးနေကြာကို ၉၂၇ ဧက လျာထားစိုက်ပျိုး၍ ၅၀၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် နေကြာခုတ်သိမ်းချိန်မှာ ဈေးကောင်းရရှိရေး မျှော်လင့်ကြောင်း နေကြာစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
တင်စိုးလွင်